ရန်ကုန် ၂၉  အောက်တိုဘာ 

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Viral Nucleic Acid Extraction Test Kit များနှင့် Viral Transport Kits များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ် (၅) ရှိ ဆေးသုတေသန ဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ 

 

ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး Mrs. Li Xiaoyan က Viral Nucleic Acid Extraction Test Kit များနှင့် Viral Transport Kits များ ပေးအပ်လှူဒါန်းပြီး ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mrs. Li Xiaoyan  က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆေးသုတေသန ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။

 

ယနေ့ လှူဒါန်းပွဲတွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ အမေရိကန်ဒေါ်လာ (၇၈၅၇၂) နှင့်ညီမျှသော Viral Nucleic Acid Extraction Test Kit များနှင့် Viral Transport Kits များကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

သတင်းနှင့်ဓာတ်ပုံ- ဇော်မင်းလတ်