ရန်ကုန် ၃၀ စက်တင်ဘာ

ခေတ်မီထောက်ပံ့နည်းပညာဖြင့် သားသမီးရရှိစေမည့် ကျန်းမာရေးနှင့် ခေတ်မီနည်းပညာများ အကြောင်း ဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပသည်။

 

a

 

ရှေးဦးစွာ ဝိတိုရိယဆေးရုံမှ Victoria Fertility Centre သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာမြတ်မြတ်ဝါ၊ ထိုင်းနိုင်ငံမှ Superior A.R.T သားဖွားမီးယက်အထူးကုဆရာဝန်ကြီးဒေါက်တာ Nisarath Soontrapa တို့က သားသမီးရရှိစေမည့် အထောက်အပံ့ပေးသော ခေတ်မီဆေးပညာနည်းများအကြောင်း ဟောပြောဆွေးနွေးကြပြီး တက်ရောက်လာသော အမျိုးသမီးများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ခေတ်မီစစ်ဆေးကုသမှုများဖြင့် ဝန်ဆောင်မှုအသစ်များ ပေးနိုင်ရန်အတွက် ဝိတိုရိယဆေးရုံ Victoria Fertility Centre နှင့် ထိုင်းနိုင်ငံ Superior A.R.T တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အာကာလင်း