ကျွန်းလှ ၂၁ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ရောင်းချခြင်း ရှိ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် သစ်ရာမြိုင်ရပ်ကွက် အတွင်းရှိ ဈေးဆိုင်များနှင့် မုန့်ဖိုများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးသန်းပိုက မုန့်ဖိုများနှင့် ဈေးဆိုင်များ အားစားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ အမိန့်ကြော်ငြာစာကို ရှင်းလင်းပြောကြားပြီး ရောင်းချခွင့်လိုင်စင်ရှိရေး၊ စားသုံးရန်မသင့်သော သက်တမ်းလွန် ကုန်ပစ္စည်းများ၊ ခွင့်မပြု ဓာတုဆိုးဆေးနှင့် ထုတ်ကုန် လုံခြုံမှု မရှိသည့် စားသောက်ကုန်များအကြောင်း ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)


