နေပြည်တော် ၁၄ ဇန်နဝါရီ
ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ် ဓမ္မကထိက ဗဟုဇနဟိတဓရ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဒေါက်တာ အရှင်ဓမ္မသာမိ က “ကျန်းမာရေးနှင့်အား ကစားကဏ္ဍတွင် သတိပဌာန်အခြေခံသော စိတ်ခံစားမှု ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၁၆ ရက် ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါတရားပွဲသို့ စိတ်ပါဝင်စားသည့် ပြည်သူများအနေဖြင့် လာရောက်တရား နာယူနိုင်ကြောင်း သိရသည်။
မောင်မောင်မျိုး