ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့်အမှတ် ၁၁၃/၂ဝ၂ဝ ၁၃၈၂ ခုနှစ် တော်သလင်းလပြည့်ကျော် ၄ ရက်
(၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 201 9 - covD-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်း မြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၀၇/၂၀၂၀ ဖြင့် ကြေညာခဲ့ပါသည်။
၂။ အဆိုပါကြေညာချက် အပိုဒ် ၃။ အပိုဒ်ခွဲ(ဂ)၌ မိမိနေအိမ်တွင်သာနေထိုင်ရန် စည်းကမ်းချက်များတွင် ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင် မည့်သူများအား ၂၄-၉-၂၀၂၀ ရက်မှ ၇-၁၀-၂၀၂၀ ရက်အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုရန် သတ်မှတ်ခဲ့ပါသည်။
၃။ သို့ရာတွင် လက်ရှိအခြေအနေ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် coVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများ ပိုမိုတွေ့ရှိရခြင်း၊ COVID-19 ရောဂါ ကူးစက်ခံထားရသူဖြစ်သော်လည်း မည်သည့်ရောဂါလက္ခဏာကိုမျှ မပြသေးသဖြင့် ပုံမှန်အတိုင်းသွားလာလှုပ်ရှား လုပ်ကိုင်နေသူများကြောင့် ရောဂါဖြစ်ပွားပျံ့နှံ့မှုနှုန်း မြင့်မားသွားနိုင် ပါသဖြင့် ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန် ထမ်းဆောင်မည့်သူများအား ၈-၁၀-၂၀၂၀ ရက်နေ့မှ ၂၁-၁၀-၂၀၂၀ ရက်နေ့အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုကြောင်း ထပ်မံထုတ်ပြန်ကြေညာလိုက်သည်။
၄။ ဤအမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်သည်။
(ဒေါက်တာမြင့်ထွေး) ပြည်ထောင်စုဝန်ကြီး


