နေပြည်တော်၊ ဇန်နဝါရီ ၂၁
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၊ ကလေးဆေးရုံကြီး - ရန်ကုန် တို့မှ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ဇန်နဝါရီ (၂၀) ရက်နှင့် (၂၁) ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း နှလုံးဆေးကုသမှုဆိုင်ရာလူနာ (၁၇၃) ဦး၊ အစာအိမ်အူလမ်းကြောင်း ဆိုင်ရာလူနာ (၆၇) ဦး၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုမှုဆိုင်ရာလူနာ (၁၅၁) ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆိုင်ရာလူနာ (၇၅) ဦး၊ အထွေထွေရောဂါဆေးပညာဆိုင်ရာလူနာ (၉၅) ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ (၇၉) ဦး၊ ဆီးချိုနှင့်ဟော်မုန်းရောဂါဆိုင်ရာလူနာ (၁၂၈) ဦး၊ အသည်းရောဂါဆိုင်ရာလူနာ (၆၆) ဦး၊ ကလေးကင်ဆာနှင့် ကလေးရောဂါလူနာ (၁၄) ဦး၊ ကလေးဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လူနာ (၁၂) ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ (၆၉) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ (၃၀)၊ အရိုးရောဂါလူနာ (၁၁၆) ဦး၊ သားဖွားမီးယပ်ဆိုင်ရာလူနာ (၁၂) ဦး၊ အရေပြားရောဂါဆိုင်ရာ လူနာ (၁၃) ဦး၊ အထွေထွေခွဲစိတ်လူနာ (၁၉) ဦး၊ စုစုပေါင်းဒေသခံပြည်သူ (၁,၁၁၉) ဦးကို ကြည့်ရှု ကုသပေးနိုင်ခဲ့သည်။
လာရောက်ပြသသော လူနာများတွင် ပုသိမ်မြို့သာမက ငပုတောမြို့၊ ကန်ကြီးထောင့်မြို့၊ မြောင်းမြမြို့၊ သာပေါင်းမြို့ အပါအဝင် အခြားမြို့နယ်ပေါင်း (၂၃) မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါဝင်ပြီး ရောဂါရှာဖွေ စမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၇၂) ဦး၊ အစာအိမ်မှန်ပြောင်း ကြည့်ရှုခြင်း (OGD Scope) (၁၁) ဦး၊ အူမကြီး မှန်ပြောင်းကြည့်ရှုခြင်း (Colonoscope) (၄) ဦး၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကူးခြင်း (၂၇) ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း (၃၆) ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၁၃၅) ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း (၂၀၇) ဦး၊ Ultrasound ရိုက်ကူးခြင်း (၇၅) ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) (၁၇၅) ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး Covid-19 ရောဂါကာကွယ်ဆေး (Pfizer vaccine) (၂၈) ဦး တို့ကိုလည်း ထိုးနှံပေးနိုင်ခဲ့သည်။ ထို့ပြင် နှလုံးရောဂါဆိုင်ရာလူနာ သုံးဦး၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လူနာ တစ်ဦး၊ ဦးနှောက်နှင့်အာရုံကြော ဆေးကုသမှုဆိုင်ရာလူနာ သုံးဦး၊ အထွေထွေရောဂါလူနာ တစ်ဦးတို့ကို လိုအပ်သော စစ်ဆေးကုသမှုများဆက်လက် ဆောင်ရွက်နိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အထူးကုဆေးကုသရေးအဖွဲ့ ခေါင်းဆောင် ပါမောက္ခဒေါက်တာနွယ်နွယ်၊ ပါမောက္ခ/ ဌာနမှူး (နှလုံးဆေးကု) သည် ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့၌ ဖွင့်လှစ်ထားရှိသော နှလုံးကြပ်မှတ်ကုသဌာန (Coronary Care Unit) နှင့် ကျောက်ကပ်သွေးသန့်စင်ဌာနတို့ကို သွားရောက်ကြည့်ရှု၍ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သည်များ အကြံပြုကြီးကြပ် ဆောင်ရွက်ပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့တွင် ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများကို တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားခြင်း၊ ဒေသထွက်လက်ဆောင်များ ပေးအပ်ခြင်း၊ လာရောက်ပြသ ကုသမှုခံယူကြသော လူနာများကို ကြည့်ရှုအားပေးပြီး နေ့လယ်စာစား သောက်ဖွယ်ရာများ ဝေပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းသည် ဇန်နဝါရီ (၂၀) ရက်တွင် ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်အတူ ညစာအတူသုံးဆောင်ခြင်းတို့ဆောင်ရွက်ခဲ့သည်။
ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်း ကုသရေးခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း (၁၅) ကြိမ်၊ ၂၀၂၄ ခုနှစ်အတွင်း တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့နှင့် ယခုပုသိမ်မြို့တို့၌ ဆောင်ရွက်ထားရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်