နေပြည်တော် ဇွန် ၂၁
ကျန်းမာရေးဝန်ကြီးဌာန၏ ငါးမျိုးစိုက်ထည့်ခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း အခမ်း အနားကို ယနေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမျိုးသားပရဆေးဥယျာဉ်နှင့် မင်္ဂလာကန်၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် နေပြည်တော် ကောင်စီဥက္ကဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် တို့က ငါးမျိုးများကို စိုက်ထည့် ပေးသည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်း များက ငါးကြင်းရွှေဝါငါးသားပေါက်အကောင်ရေ ၁၀၀၀၀ နှင့် ငါးမြစ်ချင်းငါးသားပေါက် အကောင်ရေ ၁၀၀၀၀ ၊ စုစုပေါင်း ငါးသားပေါက် အကောင်ရေ ၂၀၀၀၀ ကို စိုက်ထည့်ပေး ကြသည်။
ထို့နောက် အမျိုးသားပရဆေးဥယျာဉ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ မိုးရာသီသစ်ပင် စိုက်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က ကံ့ကော်ပင်ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်က ကရမက်ပင်ကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းက သရဖီပင်ကို လည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် က စကားဝါပင်ကိုလည်းကောင်း စိုက်ပျိုးပေးကြပြီး ကျန်းမာရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများက နှစ်ရှည်တိုင်းရင်းဆေးဖက်ဝင် အပင်များ ဖြစ်ကြသည့် ကံ့ကော်၊ ကရမက်၊ သရဖီ၊ စကားဝါ၊ နံ့သာဖြူ၊ ကရဝေး၊ သစ်ကြံပိုး၊ ရှိန်းခို၊ သစ်ဆိမ့်၊ ပုတီးဖြူ၊ ရင်ခတ်၊ ပုန်းညက် စသည့် တိုင်းရင်းဆေး ဖက်ဝင်အပင်များကို စိုက်ပျိုး ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နှစ်ရှည်တိုင်းရင်းဆေးပင်များ စိုက်ပျိုး နေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)