၂၉ အောက်တိုဘာ
ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငါးမွေးမြူရေးလုပ်ငန်းများ ရေရှည်တည်တံ့၍ အစားအစာ ဘေးအန္တရာယ်ကင်း၍ အရည်အသွေးပြည့်ဝသည့် မွေးမြူရေးရေထွက်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေး အတွက် ကောင်းမွန်သော ငါးမွေးမြူရေးကျင့်စဉ် (Good Aquaculture Practice–GAqP)နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကျန်းမာသန်စွမ်းပြီး အရည်အသွေး ကောင်းမွန်သော ငါးသားပေါက်များ ထုတ်လုပ်နိုင်ပြီး ငါးမွေးတောင်သူများသို့ ဖြန့်ချိနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ သရက်ကုန်းငါးလုပ်ငန်းစခန်းရှိ ရေချိုငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာန (Freshwater Aquaculture Research and Extension Center) မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မော်မော်သန်းနှင့် အဖွဲ့သည် အောင်မြေသာစံမြို့နယ်ရှိ သရက်ကုန်းငါးလုပ်ငန်းစခန်း၏ ရေသွင်း ရေထုတ်မြောင်းများ၊ အစာဂိုဒေါင်နှင့် ထုံးဂိုဒေါင်တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် GAqP guide လိုင်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
MDN


