ကံမ ၊ ၁၅ ဒီဇင်ဘာ 

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ ကံမမြို့ အမှတ်(၁)ရပ်ကွက် မြို့မလမ်းသွယ်(၁)လမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္က ဦးမြင့်စိုးနှင့် အမှုဆောင်အရာရှိ ဦးမြင့်လှိုင်တို့က ယနေ့ နံနက် ၉ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ 

အဆိုပါဆောင်ရွက်နေသော ကွန်ကရစ်လမ်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏  ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေမှ ငွေကျပ် ၆၅ သိန်း ဖြင့်  လမ်းအကျယ် ၁၂ ပေ၊ အရှည်ပေ ၃၀၀ နှင့်အနက်ထု ၈ လက်မအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲထံမှ သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)