ကံမ ဧပြီ ၂
မကွေးတိုင်းဒေသကြီး ကံမမြို့ အမှတ်(၃)ရပ်ကွက် ယွန်းကျောင်း ပရိယတ္တိစာသင်တိုက်၌ ယနေ့မွန်းတည့်ပိုင်းက ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့အဖြစ် ဆက်လက်ဖြေဆိုလျက်ရှိသည်။
ထိုသို့ဖြေဆိုရာတွင် ပထမငယ်တန်း ဘာသာပြန်ဘာသာရပ်၌ ရဟန်းသုံးပါး၊ သာမဏေကိုးပါး၊ ပထမလတ်တန်း ယမိုက်အောက် ငါးကျမ်းဘာသာရပ်၌ ရဟန်းသုံးပါး၊ သာမဏေလေးပါးနှင့် ပထမကြီးတန်း ယမိုက်အထက်ငါးကျမ်းဘာသာရပ်၌ ရဟန်းရှစ်ပါး စုစုပေါင်း စာဖြေသံဃာ၂၇ ပါး ဝင်ရောက်ဖြေဆိုပြီး စာမေးပွဲကြီးကြပ်ဆရာတော်များနှင့် စာမေးပွဲဖြေဆိုသည့် သံဃာတော်များအား စာမေးပွဲဖြေဆိုသော ကာလအတွင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဆွမ်းကွမ်းဝေယျာဝစ္စများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


