ကံမ ၁၉ ဇွန်
သရက်ခရိုင်၊ ကံမမြို့နယ် အင်းဘဲကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဟန်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ဦးမြင့်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြသည်။
အဆိုပါကျောင်းအား အထက်တန်းကျောင်းခွဲအဆင့်မှ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတာက အမှာစကားပြောကြားပြီးနောက် အလှူရှင်များက ကျောင်းဖွံ့ဖြိုးရေးအတွက် အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ပြန်/ဆက်)