ကံမ   ၂   မေ

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊  ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ငွေကျပ်သိန်းတစ်ရာအောက် လုပ်ငန်းများအနက်မှ သံကူကွန်ကရစ်တံတား ၈ စင်း တည်ဆောက်ခြင်းနှင့် လမ်းခင်းခြင်းလုပ်ငန်း ၂၃ ခုတို့အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

 

အဆိုပါလုပ်ငန်းများမှာ အလျား ၁၈ ပေ၊ အနံ   ၃ ပေနှင့် အမြင့်  ၃ ပေရှိသော သံကူကွန်ကရစ်တံတား ၈ စင်း တည်ဆောက်ခြင်း၊ မြေနီခင်းခြင်းလမ်း တစ်လမ်း၊ မြေနီကျောက်ချောလမ်း ၄ လမ်း၊ ကွန်ကရစ်လမ်းခင်းခြင်း ၁၆ လမ်းနှင့် ကတ္တရာထပ်ပိုးလွှာ လမ်းခင်းခြင်း ၂ လမ်းတို့အား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မိုးရာသီကာလ မကျရောက်မီ လုပ်ငန်းများပြီးစီးနိုင်ရေး ရည်မှန်းချက်ဖြင့် ဆောင်ရွက်ခဲ့သည့်အတွက် ယခုအခါ လုပ်ငန်းများမှာ ရာနှန်းပြည့် ပြီးစီးရန် နီးကပ်နေပြီဖြစ်ကြောင်း  မြို့နယ်အမှုဆောင်အရာရှိ ဦးမြင့်လှိုင်၏ ပြောကြားချက်အရ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)