ကံမ ဖေဖော်ဝါရီ ၆

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပုဇင်းနိမ့်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယမန့်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးက စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးတို့အား ကျောင်းသားကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ ကျောင်သားကျောင်းသူ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန် အသိပညာပေး ပြောကြားခဲ့သည်။

 

အဆိုပါဟောပြောပွဲ၌ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများအား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကံမမြို့နယ်ရုံးမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့အား ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)