ကံမ   ၁၉   အောက်တိုဘာ

 

သရက်ခရိုင်၊ ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လေလံအောင်မြင်၍ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသည့်  စက်လှေကူးတို့ လိုင်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးစိုးလင်းသိန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးမြင့်လှိုင်နှင့် ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

              

ထိုသို့စစ်ဆေးရာ၌ အဆိုပါစက်လှေကူးတို့လိုင်းများတွင် ပြေးဆွဲလျှက်ရှိသည့် စက်လှေများအနေဖြင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် သတ်မှတ်ခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်ခြင်းမပြုစေရေး၊ အသက်ကယ်ဘော အသက်ကယ်ဝတ်စုံများ ထားရှိစေရေးနှင့် ရာသီဉတုဆိုးရွားချိန်များတွင် ကူးတို့စက်လှေပြေးဆွဲခြင်း မပြုစေရေးတို့ကို ကွင်းဆင်းစစ်ဆေး၍ မှာကြားခဲ့ကြကြောင်း သိရသည်။

 

ကျော်ဇေယျဝင်း(ပြန်/ဆက်)