ကံမ ၂၇  ဧပြီ

 

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်အတွင်းရှိ သဘင်ပညာရှင်လုပ်သားများ အတွက် မြန်မာနိုင်ငံ သဘင်အစည်းအရုံးနှင့် CB-KMA ဖောင်ဒေးရှင်းတို့မှ အခြေခံစားသောက်ကုန်များ အား ယမန်နေ့ နေ့လယ်က လာရောက်လှူဒါန်းထောက်ပံ့ခဲ့ကြသည်။

 

 ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း သဘင်ပညာရှင်လုပ်သားများအနေဖြင့် ပွဲလမ်း  သဘင်များ     ရပ်နားထားရသည့်အတွက်  စားဝတ်နေရေးအခက်အခဲများပြေလည်စေရန်ရည်ရွယ်၍ သဘင်ပညာရှင်လုပ်သားများအတွက် အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုးအား ပေးအပ်လှူဒါန်းရခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမင်းခန့်ကိုကပြောကြားခဲ့ပြီး စားသောက်ကုန်များအား ပေးအပ်ရာ  ကံမမြို့နယ် သဘင်အစည်းအရုံး ဥက္ကဌ ဦးသိန်းဦးက လက်ခံရယူခဲ့သည်။

 

151

 

အဆိုပါ စားသောက်ကုန်များမှာ တစ်ဦးလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ဆား ၅၀  ကျပ်သား၊ပဲ ၅၀ ကျပ်သားနှင့် ကြက်သွန်နီတစ်ပိဿာနှုန်းဖြင့် ကံမမြို့နယ်အတွင်းရှိ သဘင်ပညာရှင် လုပ်သား ၉၇ ဦးတို့၏ လက်ဝယ်အရောက် လူစုလူဝေးမဖြစ်စေရန် စီစဉ်၍ ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း ကံမမြို့နယ် သဘင်အစည်းအရုံး ဥက္ကဋ္ဌဦးသိန်းဦးက ပြောသည်။

 

ကျော်ဇေယျဝင်း(ပြန်/ဆက်)