ကံမ   ၁၃   မေ

 

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင် ကံမမြို့နယ်တွင် မေ  ၁၁  ရက် ညနေက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲခြင်း၊ လူနေအိမ် အမိုးလန်ခြင်းများ ဖြစ်ပွား၍  ပျက်စီးဆုံးရှုံးမှုများ  ဖြစ်ပွားခဲ့ရာ ယမန်နေ့က အဆိုပါ ကျေးရွာများမှ အိမ်ထောင်စုများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာနမှ  ထောက်ပံ့သည့် ငွေများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး  ဦးမြင့်အောင် ၊  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း၊  သရက်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများရှိ အိမ်ထောင်စုများအား အားပေးစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများအား ပေးအပ်ခဲ့ကြသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကံမမြို့နယ်တွင် ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာ(၅၁)ရွာတို့မှ ပျက်စီး ဆုံးရှုံးခဲ့သည့်  အိမ်ထောင်စုပေါင်း (၄၃၈)  အိမ်  တို့အား  တစ်အိမ်ထောင်လျှင်  ထောက်ပံ့ငွေ  သုံးသောင်းငါးထောင်ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)