ကံမ   ဒီဇင်ဘာ   ၂၁

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။

 

ထိုသို့ထုတ်ပေးရာတွင် ကံမမြို့နယ်တွင် မြို့ပြ ပင်စင် ၆၂၁ ဦး၊ ကာကွယ်ရေး ပင်စင် ၁၃၃ ဦး၊ နိုင်ငံရေးပင်စင် ၉၆ ဦးနှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား ရှစ်ဦး စုစုပေါင်း ပင်စင်စား ၈၅၈ ဦး ရှိကြောင်း ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)