ကံမ၊  ၂၀  ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊   ကံမမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ  ရွေးချယ်နိုင်ရန်အတွက်  အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  ရှင်းလင်း       အသိပညာပေးခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့များက  ရပ်ကွက်၊ ကျေးရွာများ အရောက်    ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဇန်နဝါရီ  ၁၉ ရက်က လိန်တုန်းကျေးရွာ၊ ပြောင်ကျကျေးရွာ၊ သစ်မယ်ဇီကျေးရွာ၊  ဇီးတောကျေးရွာနှင့် စပယ်ခြုံကျေးရွာတို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး  ရွေးချယ်ရေး ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေအား ချပြရှင်းလင်းပြီး ပြည်သူများ အဆိုပြုသော ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦး ပါဝင်သည့်အဖွဲ့အား ဖွဲ့စည်းနိုင်ရေးအတွက် အသိပညာပေး ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)