ကံမ  နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ် အထက်ရှိသော ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)အား ထိုးနှံပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးရန် ကျန်ရှိသည့် ကျောင်းသားကျောင်းသူများအား ယနေ့နံနက် ၈ နာရီမှစတင်၍ စုရပ်အသီးသီး၌ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကံမမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက်  အခြေခံပညာအလယ်တန်း အထက်တန်း ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးသည့်စုရပ်နေရာများမှာ ကံမမြို့ အမှတ်(၂)ရပ်ကွက် သာသနာ့ဗိမာန်၊ ကြို့ပင် (အ.ထ.က)၊ စစ္စရံ (အ.ထ.က)နှင့် ဓမ္မသော်(အ.လ.က-ခွဲ)တို့တွင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကျော်ဇေယျဝင်း(ကံမ)