ကံမ ၁ မတ်
မကွေးတိုင်းဒေသကြီး ကံမမြို့နယ်အတွင်း နွေရာသီကာလ၌ သောက်သုံးရေရှားပါးသည့် ကျေးရွာများတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေရရှိရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းကျေးရွာနှင့် တောင်ပို့နီကျေးရွာတို့တွင် မြေသားမိုးရေလှောင်ကန် တူးဖော်ပေးခြင်း၊ ဂျင်းရဲကျေးရွာ၊ လိန်တုန်းကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာ၊ ဒဂုံကွင်းကျေးရွာ၊ သစ်မယ်ဇီကျေးရွာနှင့် ပြောင်ကျကျေးရွာများတွင် အသုံးပြုလျက်ရှိသည့် မြေသားမိုးရေလှောင်ကန်များအား ပြုပြင်မွမ်းမံပေးခြင်း၊ သမ္ဘရာရွာသစ်နှင့် ကရင်စုကျေးရွာတို့တွင် စက်ရေတွင်း တူးဖော်ပေးခြင်းနှင့် ကျွဲတလင်းကျေးရွာတွင် ဂါလံ ၅၀ဝ၀ ဆံ့ အုတ်ရေကန်တည်ဆောက်ပြီး မြစ်ရေတင်စနစ်ဖြင့် အိမ်အရောက်ပို့ ရေပိုက်လိုင်းများ သွယ်တန်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


