ကံမ အောက်တိုဘာ ၁၁

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက် ၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လည်က စီကျေးရွာအုပ်စု ထောက်မကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

           

ထိုသို့ဆောင်ရွက်ရာတွင်    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင်အောင်ဝင်းနှင့် ဝန်ထမ်းများက စီကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ စိစစ်လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 ကျော်ဇေယျဝင်း(ကံမ)