ကံမ    ၉   စက်တင်ဘာ 


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ သက္ကယ်မြောင်ကျေးရွာအုပ်စု၊ ပေပင်ကျေးရွာတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဉီးစီးဌာန ခရိုင်ဦးစီးမှူး  လက်ထောက်ညွှန်ကြားရေးမှူး   ဦးအောင်မော်ဦး၊ ကံမမြို့နယ်ဉီးစီးမှူးနှင့်ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် ပြည်သူများအား စွမ်းအားမြင့် အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေပေးခဲ့သည်။ 


ထိုသို့ဖြန့်ဝေရာတွင် သရက်ခရိုင် ဦးစီးမှူး ဦးအောင်မော်ဦးက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေး ဟောပြောခဲ့ပြီး စွမ်းအားမြင့် အေဝမ်းမီးဖို အသုံးပြုခြင်းဖြင့်  ထင်းကုန်ကျမှု သက်သာစေပြီး သဘာဝသစ်တောများမှလောင်စာအဖြစ် ထင်းထုတ်ယူသုံးစွဲမှု လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ပြည်သူများအား စွမ်းအားမြင့် အေဝမ်းမီးဖို အလုံး ၆၀ ဖြန့်ဝေပေးပြီး မီးဖိုအသုံးပြုပုံအား  လက်တွေ့သရုပ်ပြသခဲ့ကြောင်း  သတင်းရရှိသည်။ 


ကျော်ဇေယျဝင်း(ပြန်/ဆက်)