ကံမ ၂၀ ဇွန်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်၌ Facility Quaratine ထားရှိပြီး အသွားအလာ ကန့်သတ်နေထိုင်လျက်ရှိသည့် နေရပ်ပြန်ပြည်သူများ အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးအတွက် ဆက်စပ်ပစ္စည်းများကို မကွေးမြို့ Social Care Volunteer Group (SCVG) မှ ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ရာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့်ကော်မတီ၏ ကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟိန်းသော်အောင်က လက်ခံရယူခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နေရပ်ပြန်ပြည်သူ ၅၉ ဦးတို့အတွက် တစ်ဦးလျှင်Hand Gel ၊Soap ၊Shampoo ၊Shower Gel တစ်ဘူးစီနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


