ကံမ  ၂၅   ဖေဖော်ဝါရီ

 

မကွေးတိုင်း‌ဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများကြီးကြပ်ရေးကော်မတီမှ သရက်ခရိုင်၊ ကံမမြို့နယ် စစ္စရံကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် စစ်ဆေးရေးဂိတ် (Check Point)အား ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါစစ်ဆေးရေးဂိတ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်မည်ဖြစ်ပြီး မြစ်သဲ၊ ကျောက်စရစ် တင်ဆောင်သည့် နယ်ကျော်ရေယာဉ် အဝင်အထွက်များအား စစ်ဆေးရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

ကျော်ဇေယျဝင်း(ကံမ)