ကံမ ဧပြီ ၂၄

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ (၁၂)ရွာ၌ ဘုန်းကြီးကျောင်း (၅)ကျောင်းနှင့် လူနေအိမ် (၈၄)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရွာသာယာကျေးရွာတွင် လူနေအိမ် (၅)လုံး၊ ကျီးမီးကျေးရွာတွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် လူနေအိမ် အလုံး (၃၀)၊ ကျောက်စောင်းကျေးရွာတွင် လူနေအိမ် (၃)လုံး၊ ကျောက်ပဒေါင်းကျေးရွာတွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် လူနေအိမ် (၈)လုံး၊ လင်းကျေးရွာတွင် လူနေအိမ် (၁၅)လုံး၊ ထန်းတောကျေးရွာတွင် လူနေအိမ် (၁)လုံး၊ တောမကျေးရွာတွင် လူနေအိမ် (၂)လုံး၊ မုန်းဒါးကြီးကျေးရွာတွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် လူနေအိမ် (၁၅)လုံး၊ မုန်းဒါးလေးကျေးရွာတွင် လူနေအိမ် (၂)လုံး၊ မတောင့်တကျေးရွာတွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် လူနေအိမ် (၁)လုံး၊ ကြို့ပင်ကျေးရွာတွင် လူနေအိမ် (၁)လုံးနှင့် အထက်မီးပေါက်ကျေးရွာတွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် လူနေအိမ် (၁)လုံးတို့ အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)