ကံမ ၉ ဇွန်
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ကံမမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အခြေခံပညာ မူလတန်းကျောင်းပေါင်း ၁၂၆ ကျောင်းမှ ကျောင်းသားကျောင်းသူ ၄၅၅၃ ဦးအတွက် တစ်ဦးလျှင် တစ်ဒါဇင်နှုန်းဖြင့် အခမဲ့ဖြန့်ဝေပေးမည့် ဗလာစာအုပ်များအား အရည်အသွေးပြည့်မီခြင်း ရှိ မရှိ ယမန်နေ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဟန်နှင့် တာဝန်ရှိသူများက ကြိုတင် ပေးပို့ထားသည့် ဗလာစာအုပ်နမူနာများနှင့် ရောက်ရှိလာသည့် ဗလာစာအုပ်များအား အရည်အသွေး ကိုက်ညီမှုရှိ မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ဆက်လက်၌ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း ကျောင်းများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


