ကံမ၊ ၄  ဇွန်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း ရပ်ကွက် ကျေးရွာများမှနိုင်ငံသားစိစစ်ရေးကတ် မရှိသည့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန် ဆောင်ရွက် လျက်ရှိရာယမန်နေ့က ဇီးတောကျေးရွာအုပ်စုအတွင်းရှိကျေးရွာများသို့ မြို့နယ်ဦးစီးမှူး ဦးတင်အောင်ဝင်းနှင့်ဝန်ထမ်းများက ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင်  လက်ရှိဇာတိ၌အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊  ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက်  မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများ၊လက်ရှိဒေသတွင်လည်း အိမ်ထောင်စုစာရင်းနှင့်   ကိုင်ဆောင်လက်မှတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

ကံမမြို့နယ်အတွင်းရှိ ရပ်ကွက် (၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၅၆)အုပ်စု ကျေးရွာစုစုပေါင်း (၁၅၄)ရွာတို့အား အဖွဲ့များခွဲကာ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)