ကံမ   ၃  မတ်

 

မကွေးတိုင်းဒေသကြီး၊ ကံမမြို့၊ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် သွားနှင့်ခံတွင်း ဝေဒနာရှင်များအား မတ် ၈ ရက်၌ အခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အခမဲ့ ဆေးကုသပေးခြင်းအား ကံမမြို့နယ်အသင်း(ရန်ကုန်) ပရဟိတစွမ်းအားမြှင့်အဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း (ပခုက္ကူအသင်းခွဲ)မှ ဆရာဝန်များက စမ်းသပ်ကုသပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)