ကံမ ၁၄ မတ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား ၅ ဦး၊ ကျောင်းသူ ၈ ဦး စုစုပေါင်း ၁၃ ဦးသည် ယနေ့မွန်းလွဲပိုင်းက ဝမ်းပျက်ဝမ်းလျှောဖြစ်သဖြင့် ကံမမြို့ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း သိရသည်။
အဆိုပါ ကျောင်းသား ကျောင်းသူများမှာ ကံမမြို့နယ် စစ္စရံကျေးရွာ အထက်တန်းကျောင်းခွဲမှ ကံမစာစစ်ဌာနတွင် လာရောက်ဖြေဆိုနေသူများဖြစ်ပြီး ကံမမြို့၊ အမှတ် (၄)ရပ်ကွက်၊ ကွမ်းခြံရပ်တွင် တည်းခိုနေထိုင်၍ ဖြေဆိုနေခြင်းဖြစ်ကြောင်းနှင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ကျော်ဇေယျဝင်း (ကံမ)