ပခုက္ကူ ၂ မေ
ပခုက္ကူမြို့နယ်၊ ကံမမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို မေ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစ၍ အရှိန်မြှင့် ဆောင်ရွက်ကြသည်။
ကံမမြို့အုပ်ချုပ်ရေးမှူး ဦးစောထူးအောင်ဦးဆောင်သော ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အဖွဲ့(ကံမ)၊ ကံမနယ်မြေစခန်းမှ ရဲအုပ်မြင့်နိုင်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အာယုသုခ ပရဟိတ လူငယ်များပူးပေါင်း၍ ကမ္မမြို့ရှိ Facility Quarantine Center ထားရှိသည့် မိုးကုတ်ရိပ်သာ၊ ဈေးကြီးနှင့် ကံမမြို့ရှိ ရပ်ကွက် (၁၂) ရပ်ကွက်တို့ကို ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ အရှိန်မြှင့် ဆက်လက် ဆောင်ရွက်ကြခြင်းဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီ သွေးလွန်တုပ်ကွေးရာ သီချိန်များတွင် ပေါက်ဖွားတတ်သော ခြင်၊ ယင်ပိုးမွှားများ မရှိစေရေးတို့အတွက် ပိုးသတ်ဆေးပက်ဖျန်းရန် ဆေးဖျန်းစက်နှင့် ဆေးရည်များကို ကံမမြို့အတွက် ငယ်ပေါင်းကြီးဖော် အဖွဲ့(ကံမ)မှ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး


