ကံမ ၁၈ မေ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဥယျာဉ်တန်းလမ်းတွင် ယနေ့နံနက် ၁၀ နာရီခွဲက ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ဖြစ်စဉ်မှာ ဥယျာဉ်တန်းလမ်း ဦးအောင်မိုးလွင် သွပ်မိုးအုတ်ကာနှစ်ထပ် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်မှ ပေါ့ဆမီးကြောင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ သွပ်မိုးအုတ်ကာ နှစ်ထပ်အိမ် ၂ လုံး၊ သွပ်မိုးပျဉ်ကာ နှစ်ထပ်အိမ် ၂ လုံး၊ သွပ်မိုးထရံကာ နှစ်ထပ်အိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာနေရာသို့ သရက်ခရိုင်အုပ်ချုပ်ရေးမှူး၊ သရက်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ပြည်သူများ ကံမမြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ မြို့မစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များမှ ရေသယ်ယာဉ် ၂ စီး မီးငြိမ်းသတ်ယာဉ် ၃ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ခရိုင်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ်များ၊ ပြည်မြို့နယ်မှ ရေသယ်ယာဉ်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်ငယ်များ၊ ကံမမြို့နယ်နှင့် နီးစပ်ရာမြို့နယ်များမှ ပရဟိတအသင်းများ၏ အကူအညီဖြင့် မီးကြွင်းမီးကျန်များကို ဆက်လက်ငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

       

ကျော်ဇေယျဝင်း(ကံမ)