ကျွန်မတို့ အခုငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးလေ့လာတဲ့အခါမှာ မသိသေးတာတွေကို သိခဲ့ရတယ်

နေပြည်တော် ၁ ဖေဖော်ဝါရီ

ကျွန်မတို့ အခုငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးလေ့လာတဲ့အခါမှာ မသိသေးတာတွေကို သိခဲ့ရတယ်။ လူငယ်တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမှန်တကယ် သိသင့်ပါတယ်။ သိမှလည်း ကိုယ်လုပ်ချင်တဲ့၊ ကိုယ်ဖြစ်ချင်တဲ့ပန်းတိုင် ကိုမြင်ပြီးတော့ ကိုယ်လျှောက်နေတဲ့ခရီးကိုလည်း ပြတ်ပြတ်သားသား သိမှာ ဖြစ်ပါတယ်။ 

ဒါကြောင့်မို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ အားလုံး သိသင့်သိထိုက်တယ်လို့ ယုံကြည်ပါတယ်လို့ နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာနသို့ လာရောက်၍ ငြိမ်းချမ်းရေး အကောင်အထည် ဖော်ဆောင်ရွက်နေမှု ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး ကောလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်တာဝန်ခံ မဇင်မာသိမ့်က ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ၎င်းရဲ့အမြင်များကို ဖြေကြားခဲ့ပါတယ်။

MDN