ကျွန်မတို့တိုင်းရင်းသားတွေ အကုန်လုံးက တစ်စည်း တစ်လုံးတည်းပါ၊

နေပြည်တော် ၄ ဖေဖော်ဝါရီ

(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအပြီးတွင် ဖျော်ဖြေကြမည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များသည် နေပြည်တော် မြို့တော်ခန်းမ လဟာပြင် ကဇာတ်ရုံတွင်  အဆို၊ အကများနှင့် ရိုးရာဓလေ့များ ဖော်ကျူးဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက် လျက်ရှိကြသည်။ ယင်းတို့အနက် ချင်းရိုးရာယဉ်ကျေးမှုအဖွဲ့မှ မလျာကျင်းမွမ်းတွဲက

“ကျွန်မတို့အဖွဲ့က ဂုဏ်ယူပျော်ရွှင်ဖွယ် ဒို့မြေ ကမ္ဘာသီချင်းနဲ့အတူ တိုင်းပြည်သာယာစေဖို့ ဆုတောင်းမေတ္တာ ပို့သထားတဲ့ တေးသီချင်းနဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်၊ ကျွန်မတို့တိုင်းရင်းသား တွေ အကုန်လုံးက တစ်စည်း တစ်လုံးတည်းပါ၊ အားလုံးဟာ ညီအစ်ကို မောင်နှမတွေ ဖြစ်တယ်လို့လည်းမြင်ရပါတယ်၊ တိုင်းရင်းသား တစ်မျိုးနှင့် တစ်မျိုးက တွေ့ဆုံမှုနည်းတယ်၊ ပြည်ထောင်စုနေ့ လုပ်တဲ့အခါမှာ တွေ့ဆုံရတာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးအတွက်လည်း ကောင်းတယ်လို့ ထင်ပါတယ်”ဟု ပြောသည်။

MDN