ဗန်းမောက် နိုဝင်ဘာဘာ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကနန်းဒေသစိတ် နန်းဇနန်းရင်းကျေးရွာ အုပ်စု ဟဲဟွန်ကျေးရွာနှင့် နန်းဇားကျေးရွာချင်းဆက်လမ်းမပေါ်ရှိ ဟဲပုချောင်းကူးသစ်သား တံတားကို နိုဝင်ဘာ ၆ရက်က ကိုယ်ထူကိုယ်ထ တည်ထောင်ခဲ့ရာ ယခုအခါ ပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။

 ယခုနှစ်တွင် မိုးရွာသွန်းမူများခဲ့သောကြောင့် မူးမြစ်လက်တက် ဟဲပုချောင်းတွင် ရေကြီးရေလျှံမှု လေးကြိမ်ဖြစ်ပေါ်ခဲ့သဖြင့် ယခင်ကတည်ဆောက်ထားသော ဟဲပုချောင်းကူး သစ်သားတံတားသည် ရေထဲမျှောပါပျက်စီးသွားခဲ့ရာ ကျေးရွာနေပြည်သူများ၊ ဆိုင်ကယ်များနှင့် ကားငယ်များ သွားလာရေး အခက်အခဲများ ရှိလာသဖြင့် ဟဲဟွန်ကျေးရွာခွဲ ခေါင်ဆောင်ဦးရွှေဖောင်က ဦးဆောင်ကာ ကျေးရွာနှစ်ရွာနေ ပြည်သူများ၏ ထည့်ဝင်ငွေများ၊ လုပ်အားတို့ဖြင့် အရှည်၁၆ပေ၊ အကျယ်၁၂ပေနှင့်အမြင့်၉ပေရှိသစ်သားတံတားကိုကိုယ်ထူကိုယ်ထဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်​သသည်။

အဆိုပါ တံတား တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ ဟဲဟွန်ကျေးရွာ၊ နန်းရင်းကျေးရွာနှင့် နန်းဇားကျေးရွာတို့တွင် ရှေးနှစ်ပေါင်း၁၄၀ကျော်က တည်ဆောက်ခဲ့သော ဇေတဝန်ဘုန်းတော်ကြီး ကျောင်းသို့ လာရောက်လေ့လာကြသည့် ခရီးသွားဧည်သည်များ၊ တစ်ရွာနှင့်တစ်ရွာ ကူးသန်းသွားလာနေကြသည့် ဒေသခံပြည်သူများ၊ ဆိုင်ကယ်နှင့်ကားငယ်များပါအချိန်ကြန့်ကြာခြင်းမရှိတော့ဘဲ သွားလာရေးအဆင်ပြေကောင်းမွန်နေပြီဖြစ်သည်။

လှိုင်ဘွား(ဗန်းမောက်)