ဗန်းမောက် ၂၀ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ကနန်းဒေသတွင် မိုးခေါင်ရေရှားပါးမှုကြောင့် တောင်သူများ စပါးစိုက်ပျိုးရန် အခက်ခဲများရှိကြောင်း သိရသည်။
"နှစ်တိုင်းက ဒီနှစ်လို မိုးခေါင်ရေရှားပါးမှု မရှိသလောက်ပဲ၊ ဇူလိုင်လပထမပတ်ဆို စိုက်ကြပြီ။ ဒီနှစ်က ရေစုပ်စက်နဲ့ ရေစုပ်တင်ဖို့ကလဲ မူးချောင်းထဲရေလဲမရှိဘူး။ တော်တော်လေး တောင်သူတွေဒုက္ခရောက်ကြတယ်" ဟု ဒေသခံတောင်သူ ဦးကျော်စိုးဝင်းက ပြောသည်။
ကနန်းဒေသရှိ တောင်သူများသည် မိုးရေနှင့် မူးချောင်းမှရေကို အားကိုးအားထားရပြီး ခုချိန်ထိ မိုးမရွာ မိုးခေါင်နေသောကြောင့် တာဝန်ရှိသူများမှ တောင်သူများစိုက်ပျိုးရေ ရရှိရန်အတွက် စက်ရေတွင်းများ တူးဖော်ပေးနိုင်ရန် တောင်သူများက အကူအညီလိုအပ်နေကြာင်း သတင်းရရှိသည်။
ကိုနိုင် (ကနန်း)


