ရန်ကုန်  ၁   အောက်တိုဘာ

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ကိုဗစ်စင်တာ လေးခုအတွက် လိုအပ်နေသော သောက်ရေသန့်ဘူးများ ကိုဗစ်ကာလ ပြီးဆုံးသည်အထိ အမြဲတမ်းပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးရုံး၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါလှူဒါန်းမှုကို စံပြလူမှုကူညီရေး ပရဟိတလူငယ်အဖွဲ့နာယက ဦးအောင်မျိုးသန့် (မြန်မာမျိုး သောက်ရေသန့်လုပ်ငန်း)က ဦးဆောင်၍သွားရောက်လှူဒါန်းခဲ့ပြီး မြို့နယ်ကိုဗစ် ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်ဝင်းက လက်ခံပေးခဲ့သည်။

 

ထို့အပြင် စကားပြောစက် နှစ်လုံးကိုလည်း ဦးခင်မောင်မြင့်-ဒေါ်ယဉ်ယဉ်ခိုင် မိသားစုက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကြည့်မြင်တိုင်မြို့နယ်သည် ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားမှု အများဆုံးမြို့နယ် တစ်ခုဖြစ်ပြီး Quaratine Center လေးခုရှိကြောင်း၊ နေ့စဉ် ကိုဗစ်လူနာများ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဆရာဝန်၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်းများ၊ မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အာကာစိုး