ကြည့်မြင်တိုင် ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရေကစားကြသူများ၊ ရေပက်ခံထွက်ကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိရာ ယနေ့နံနက် ပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ် ပိတောက်ရွှေဝါမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင်လည်း ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ရေကစားကြခြင်း၊ စတုဒိသာများကျွေးမွေးခြင်းဖြင့် မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။

ထိုသို့ဆင်နွှဲရာတွင် အလုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ကြည့်မြင်တိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိသတ် များက ကြည့်ရှုအားပေးခဲ့ကြပြီး ကပြဖျော်ဖြေသည့် ယိမ်းအဖွဲ့များနှင့် သီဆိုဖျော်ဖြေကြသည့် အဆိုတော်များအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)