၁၂   မတ် 
   

 

လာရှိုးမြို့တွင် မွေးဖွားပြီး မန္တလေးမြို့တွင် ကြီးပြင်းခဲ့သူ လူမှုကွန်ရက်ကနေ ကိုယ်တိုင်ဖန်တီးထားသော သီချင်းလေးကိုတင်ခဲ့ပြီး နောက်ပိုင်း ကြည့်ရှုသူ (၁၀) သိန်းခန့် အားပေးခံရသည့်   လူငယ်ဂီတ သမားလေး    " စစ်ပိုင်ထက် " နှင့် တွေ့ဆုံခိုက် ထပ်မံပြီး ပရိသတ်တွေအတွက် ဂီတနှင့်ပတ်သက်ပြီး ဘယ်လိုတွေ ဖန်းတီသွားမလဲဆိုဒါကို ယခုလို မေးမြန်းဖြစ်ခဲ့သည်။

 

မေ ။ ။    လူမှုကွန်ရက်ပေါ်မှာ ညီလေးဖန်တီးထားတဲ့ သီချင်းလေးတွေ  တွေ့ရတယ် ၊ ဂီတကိုစပြီး ဖန်တီးဖြစ်ခဲ့တာက။

ဖြေ ။ ။    သားက အခုဆိုအသက်(၁၉) နှစ်ရှိပါပြီ၊ သီချင်းတွေကိုစပြီး ဖန်တီးတာထက် ဂီတကိုစပြီး စိတ်ဝင်စားခဲ့တာဆို ပိုမှန်မယ်ခင်ဗျာ့၊ ကျွန်တော် အသက် (၆) နှစ်သားအရွယ်ကစပြီး စန္ဒယားတီးတာကို အရမ်းနှစ်သက်ခဲ့သူပါ၊ အဲဒါကြောင့် သေချာစနစ်တကျ သင်ကြားခဲ့ပါတယ်၊ အဲဒီကတည်းကကျွန်တော် ဂီတတွေကို သေချာလေ့လာရင်း အသက်(၁၅) နှစ်အရွယ်မှာ တေးရေး ကိုကြီးသြရသ ရေးပေးတဲ့ သီချင်းလေးကို ပထမဆုံးစပြီး ဆိုဖြစ်ခဲ့ပါတယ် " ရွှေခြေချင်း နဲ့ မန္တလေးသူ" သီချင်းလေးပါ၊ အဲ့သီချင်းလေးကို ကိုကြီး သြရသ က  ကျွန်တော်ကို ဆိုကြည့်ပါလား ဆိုပြီး ပြောတယ်၊ ကျွန်တော်လည်း ဆိုကြည့် လိုက်တယ်၊ ပြီးတော့ လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့အခါ မထင်မှတ်ဘဲနဲ့ ကြည့်ရှုအားပေးသူအများကြီး ရခဲ့ပါတယ်။ (၁၀) သိန်းကျော်လောက်ရှိခဲ့တယ်ဗျာ့ ၊ ပြီးတော့ ကျွန်တော့်ကို သီချင်းတွေဆိုဖို့ စပြီး ပံ့ပိုးခဲ့သူကတော့ ကိုကြီး သြရသ ပါပဲ။ သူ့ကြောင့် ကျွန်တော့်ကို ပရိသတ်တွေ လက်ခံပေးလားကြတာပါ"။

 

မေး ။ ။ ပရိသတ်တွေကို ဆက်တိုက် ဂီတတွေ ဖန်တီး ပေးခဲ့ရတဲ့ အကြောင်းက။

ဖြေ ။ ။ " ဟုတ်ပြောရရင်တော့ ပထမဆုံး ရွှေခြေချင်းနဲ့ မန္တလေးသူ သီချင်းလေးကတော့  ကျွန်တော့်ကို ဒီလို ဂီတ အလုပ်တွေ အဆင်မပြတ်လုပ်ဖို့ တွန်းအားပေးလိုက်တဲ့သီချင်းလေးပါ ၊ အဲ့နောက်ပိုင်း "သစ္စာရှိ ဆိုတဲ့ သီချင်းလေးကို ကိုကြီး သြရသကပဲ ထပ်ပြီးရေးပေးခဲ့တယ် ၊အဲမှာပိုပြီး ပရိသတ်တွေကြည့်ရှုခဲ့တာပါ၊ ပြီးတော့ စစ်ပိုင်ထက်ဆိုပြီး ပိုသတိထားမိလာတယ်ဗျာ့၊ အဲ့ဒါကြောင့် ကျွန်တော် နောက်ထပ် သီချင်းတွေကို ဖန်တီးခဲ့ပါတယ်၊ တဖြည်းဖြည်းနဲ့ သီချင်းတွေ ဖန်တီးလိုက်တာ အခုဆို တစ်ကိုယ်တော်ခွေ ထွက်ဖို့ ပြင်ဆင်နေပါတယ် ၊ သီချင်းအားလုံး (၁၀) ပုဒ်ကျော်လောက်ပါမယ် ၊ Audio CD အရင်ထွက်မယ် ပြီးတာနဲ့ Music Video ထပ်ထွက်မယ် လောလောဆယ်တော့  Music Video အဖြစ် (၂) ပုဒ်တော့ ရိုက်ပြီးပြီဗျာ့ ၊ အဲ့ခွေမှာ ကိုသြရသ ၊ ကိုရဲလေး ၊ ကိုဟဲလေး ၊ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးတွေလည်း ပါမယ် ၊ နောက်ထပ်တေးရေးဆရာတွေလည်း အများကြီးပါပါတယ်၊ မြန်မာသံစဉ်ပုံစံလေးတွေပါမယ် ၊ပြီးတော့ Pop ၊ R& B စတဲ့ပုံစံလေးတွေ ပါမယ်ဗျာ့။

 

မေး ။ ။ ကိုယ်တိုင်သီချင်းလေးတွေလည်း ရေးနေတယ်ဆိုတော့၊ ဘယ်လိုပုံစံကို အခြေခံပြီး ခံစားရေးလဲ၊ ပြီးတော့ အားကျခဲ့ရတဲ့အဆိုတော်ကရော။

ဖြေ ။ ။ ဟုတ်ကျွန်တော်ကတော့ သီချင်းတွေရေးတဲ့အခါ စာအုပ်တွေဖတ်တယ်၊ ပြီးတော့ ကဗျာတွေကိုဖတ်ပြီး ခံစားပြီးရေးတယ်၊ သားရဲ့ ဉာဏ်မီသလောက်ပေါ့နော်၊ သားက Irrawaddy International School မှာ ပညာသင်ကြားနေပါတယ်၊ အဲ့တော့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးကို ကျောင်းစာတွေပြီးတာနဲ့ လုပ်နေတာဆိုတော့ အနည်းငယ်အားနည်းမှု အပိုင်းလေးတွေတော့ တွေ့ကောင်းတွေ့နိုင်မှာပါ၊ သားအားကျရတဲ့ အဆိုတော်တွေထဲမှာဆို ကိုစိုင်းစိုင်းခမ်းလှိုင်ကို အားကျတယ်ဗျာ့။

 

ကိုလင်း