ကလိန်အောင် ၁ နိုင်ဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာရှိ ဆေးရုံကြီး၌ နိုဝင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းမှစတင်၍ သုံးရက်တိုင်တိုင် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးသွားမည်ဖြစ်သည်။
အဆိုပါ ခွဲစိတ်ကုသပေးရာတွင် ကံပေါက်ကျေးရွာရှိ ရတနာလူမှုစီးပွားဌာနနှင့် ဟယ်လင်ကဲလားမျက်စိဆရာဝန်များအဖွဲ့ တို့က ပူးပေါင်း၍ မျက်စိဝေဒနာရှင်ပြည်သူများအား မျက်စိအတွင်းတိမ် ခွဲစိတ်ကုသပေးခြင်းနှင့် အခြားမျက်စိဝေဒနာရှင်းများတို့ကို အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)


