ကန်ပက်လက် ၂၀ ဒီဇင်ဘာ
ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် ကျေးလက်လူမှုစီးပွားဘဝမြင့်မား လာစေရေး၊ ဒေသတွင်း ကျွမ်းကျင်လုပ်သားများတိုးတက်လာစေရေးတို့အတွက် ရည်ရွယ်လျှက် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းများ နှစ်စဉ်လျာထား ဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ် လက်သမား၊ပန်းရံ သင်တန်း( ၁/ ၂၀၁၉ )ကိုမြို့နယ် ကျေးလက်ဌာနရုံး တွင် ဒီဇင်ဘာ ၉ ရက်မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။
အဆိုပါ သင်တန်းတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ကျေးရွာများမှ သင်တန်းသားများကို ခေါ်ယူသင်ကြားပေးလျက်ရှိပြီး သင်တန်းသား (၃၀ )ကို လက်ခံ သင်ယူစေကြောင်း သိရသည်။
သင်တန်းပြီးဆုံးသွားပါက သင်တန်းသားများအနေဖြင့် လက်သမား၊ပန်းရံလုပ်ငန်းများကို ၄င်းတို့ ကျေးရွာ များတွင် ကိုယ်တိုင်လုပ်ကိုင်တတ်မည်ဖြစ်ပြီး ပုဂ္ဂလိက လုပ်ငန်းများတွင်လည်း နေ့စား (သို့) ပုတ်ပြတ် လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN