ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/စာရေး ရာထူးနေရာအတွက် အမျိုးသမီးများ လျှောက်ထားနိုင်

၁။ လျှောက်ထားသူသည်အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်-

 

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

 

(ခ) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

 

(ဂ) ၁-၁-၂ဝ၁၉ ရက်နေ့တွင် အသက် ၁၆ နှစ်ပြည့်ပြီး ၁၉ နှစ်ထက်မကြီးရ။

 

(ဃ) အရပ်(၅)ပေ(၂)လက်မ၊ ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။ (အထက်ပါအတိုင်း ကိုယ်အလေးချိန် သတ်မှတ်ထားသော်လည်းအသက်ငယ်ရွယ်သူများဖြစ်သဖြင့် ကိုယ်အလေး ချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။) (င) မိဘအုပ်ထိန်းသူ သဘောတူညီကြောင်း ထောက်ခံချက်ပါရှိရမည်။

 

၂။လျှောက်လွှာများကို နီးစပ်ရာစစ်ဌာနချုပ်များတွင် ၂၈-၆-၂ဝ၁၈ ရက်နေ့မှစတင်၍ အခမဲ့ရယူပြီး ၂၉-၆-၂ဝ၁၈ ရက်နေ့မှ ၂၄-၈-၂ဝ၁၈ ရက်နေ့အတွင်း စစ်ဌာနချုပ်များသို့ အောက်ပါစာရွက်စာတမ်းများနှင့်အတူ လူကိုယ်တိုင်လာရောက် သတင်းပို့လျှောက်ထားရမည်-

 

(က) နိုင်ငံသားစိစစ်ရေးလက်မှတ်။

 

(ခ) တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။

 

(ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး/ မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ တစ်လအတွင်းရရှိသော ထောက်ခံစာ(မူရင်း)။

 

(ဃ) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ။

 

၃။သတ်မှတ်ချက်များနှင့်ပြည့်စုံသူများအား စစ်ရေးချုပ်ရုံး၊ စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့မှ ပဏာမရွေးချယ်ပါမည်။ ပဏာမရွေးချယ်ခံရသူများအား တိုင်းစစ်ဌာနချုပ်အစီအစဉ်ဖြင့် လေ့ကျင့်ပေးမည့်သင်တန်းကျောင်းသို့ ပို့ဆောင် ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသူအဖြစ် အတည်ပြု ရွေးချယ်မည်။

 

၄။ သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ အခြေခံရုံးလုပ်ငန်းစည်းမျဉ်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘာသာရပ် တို့ကို ၂နှစ်ကြာ သင်ကြား လေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာ ဒီပလိုမာ Dip,C.S (Diploma in Computer Studies) ချီးမြှင့်ပေးမည်။

 

၅။ သင်တန်းကာလ ၂ နှစ်အတွင်း ခြေလျင်တပ်သား သစ်သင်တန်းကာလတွင် တပ်သားသစ် လစာ ၁၄၄ဝဝဝိ/- ကျပ်ကို လည်းကောင်း၊ ခြေလျင်တပ်သားသစ်သင်တန်း ပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည် အထိ တပ်သားအခြေခံလစာ ၁၅ဝဝဝဝိ/-ကျပ်ကိုလည်းကောင်း ရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး (စာရေး/ကွန်ပျူတာ) (တတိယတန်း) (အခြေခံလစာ-၂ဝ၄ဝဝဝိ+အရည်အချင်း လစာ ၄ဝဝဝိ+ M.H.R.A =

၁ဝဝဝဝိ= ၂၁၈ဝဝဝိ) အဖြစ် ခန့်အပ်ပေးမည်။

 

၆။ တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) အဆင့်/အတန်း တိုးမြှင့်ရေး စည်းမျဉ်းနှင့် အညီ လုပ်သက် ၂ နှစ်ပြည့်သည့်အခါ အဆင့်/ အတန်းတိုးမြှင့်ရေး စာမေးပွဲသို့ ဝင်ရောက်ဖြေဆို ခွင့်ရှိ၍ စာမေးပွဲ အောင်မြင်ပါက အောက်ဖော်ပြပါ အဆင့်/အတန်းများတိုးမြှင့်ရရှိနိုင်ပြီး ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ လစာ၊ စရိတ်များရရှိမည်-

 

 

 

၇။ တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် အဆင်ပြေစွာဖြေဆိုနိုင်သည်။

 

မှတ်ချက်။ အသေးစိတ်သိလိုပါက နီးစပ်ရာ စစ်ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။