စဉ့်ကိုင် ၁၀ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) တွင် ကိုဗစ်−၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချူပ် ကုသရေးလုပ်ငန်း ကော်မတီက ပြည်ပမှ ပြန်လည် ၀င်ရောက်လာသူများအား (၂၁)ရက်    အသွားအလာ ကန့်သတ်စောင့်ကြည့်၊  စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ လက္ခဏာဖော်ပြခြင်းမရှိသဖြင့်   ယနေ့ နံနက် ၁၀ နာရီက အမျိုးသမီး(၁၄)ဦးအား ထောက်ခံချက်များ ပေးအပ်ကာ မိမိနေရပ်သို့ပြန်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

 

ရှေးဦးစွာ  ဒုတိယ  မြို့နယ်အုပ်ချုပ်ရေးမှူး    ဦး၀င်း၀င်းစိုးက  ကွန်ပျူတာတက္ကသိုလ် (မန္တလေး)တွင် နေရပ်ပြန်များအား (၂၁)ရက်ပြည့်မြောက်ပြီဖြစ်သဖြင့် မိမိတို့နေရပ်သို့ ပြန်လည်ရောက်ရှိပါက ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် သွားရန်နှင့်  ဆောင်ရန် ရှောင်ရန်များကို ပြောကြားခဲ့သည်။

 

ဆက်လက်၍  မြို့နယ်ကုသရေးဦးစီးဌာန၊    ဒေါက်တာအက်စ်တာရိန်း နှင့် ကျန်းမာရေး  ၀န်ထမ်းများက  နေရပ်ပြန်မည့်သူများအား ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်များ ပေးအပ်ခဲ့သည်။

 

စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) တွင် ပြည်ပမှပြန်လည်ရောက်ရှိလာသူများအား  အသွားအလာ  ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း၊  နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် နမူနာရယူခြင်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ   ကိုဗစ်-၁၉ ကူးစက်ရောဂါ လက္ခဏာဖော်ပြခြင်း မရှိသဖြင့် ယမန်နေ့က ၅၂ ဦး၊ ယနေ့တွင် ၁၄ ဦး   စုစုပေါင်း ၆၆ ဦး တို့အား မိမိတို့နေရပ်များသို့ ပြန်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

 

၀င်း၀င်းသန်း(စဉ့်ကိုင် ပြန်/ဆက်)