ဘားအံ ဇွန် ၂၉

 

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်သင်တန်း မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

 

မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ICT ကျွမ်းကျင်ပညာရှင် များ ပြုစုပျိုးထောင်နိုင်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ပျူတာဆိုင်ရာ နည်းပညာရပ်နှင့် ICT ဆိုင်ရာနည်းပညာရပ်များကို မောင်မယ်သစ်လွင်များက အပတ်တကုတ် ကြိုးစားလေ့ကျင့်သင်ကြားသွားကြရမည်ဖြစ် ကြောင်း၊ မိမိတို့ရွေးချယ်ခဲ့သည့် IT ကျွမ်းကျင် ပညာရှင်တစ်ဦးဖြစ်အောင် ရည်မှန်းချက်များ အကောင်အထည်ဖော် အောင်မြင်နိုင်ရေးအတွက် ပြောင်းလဲတိုးတက်နေသည့်နည်းပညာရပ်များကို အမြဲမပြတ်လေ့လာဆည်းပူးရင်း ထူးချွန်ထက်မြက် သည့်နိုင်ငံသားကောင်းများ ဖြစ်ကြစေလိုကြောင်းပြောကြားပြီး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မောင်မယ်သစ်လွင်(၃၁)ဦးအတွက် ငွေကျပ် ၆၂၀၀၀၀ (ခြောက်သိန်းနှစ်သောင်း)ကို ထောက်ပံ့ပေးအပ်ပြီး  ကွန်ပျူတာတက္ကသိုလ် မောင်မယ်သစ်လွင်များက မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြကြကာ King & Queen ရွေးချယ်ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်တို့က ပညာရည် ထူးချွန်ဆုများ ချီးမြှင့်ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး တို့က King & Queen ရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မောင်မယ်သစ်လွင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)