မိတ္ထီလာ ၉ သြဂုတ်
တက္ကသိုလ်အကျိုးပြု၊ ဒေသအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းအချက်အလက် နည်းပညာများဖြင့် ကူညီပေးနိုင်ရန် ရည်ရွယ်၍ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများ၏ စိတ်ကူးဖြင့် ဖန်တီးထားသော နည်းပညာထုတ်ကုန်(Software & Hardware Project) များပြပွဲနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ(Job Fair)ကို ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ)တွင် သြဂုတ် ၂၄ ရက်(စနေနေ့)၌ နံနက် ၉နာရီမှ ၄ နာရီထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲများတွင် ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)မှ ကျောင်းသား ကျောင်းသူများ၏ နည်းပညာထုတ်ကုန်များ ပြသခြင်းနှင့် တက်ရောက်လာကြသူများ၏ ဝေဖန်အကြံပြုချက်များကိုလည်း ရယူသွားမည်ဖြစ်ပြီး နည်းပညာစိတ်ပါဝင်စားသူများအတွက် နည်းပညာဆွေးနွေးပွဲများလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MDN


