၁၂ မေ

အိန္ဒိယအစိုးရက တစ်နိုင်ငံလုံး ကန့်သတ်ပိတ်ပင်ထားမှုများကို မေလ ၃၁ ရက်နေ့အထိ သက်တမ်း တိုးလိုက်သည်။

 

ယခုအခါတွင် ပြည်နယ်များတွင် ကန့်သတ်ချက်အချို့ကို ဖြေလျော့ပေးခဲ့ပြီး ကူးစက်မှု အနည်းငယ်သာ ရှိသည့် ဒေသအချို့တွင် စီးပွားရေးလုပ်ငန်းများကို အိန္ဒိယအစိုးရက ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

ကန့်သတ်ပိတ်ပင်ထားမှုများ အဆုံးသတ်မည့်နေ့တွင် ယမန်နေ့က ရက်သတ္တပတ် ၂ ပတ် သက်တမ်းတိုးကြောင်း ဗဟိုအစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။

 

မကြာသေးမီရက်များအတွင်းက အိန္ဒိယနိုင်ငံတွင် တစ်နေ့အတွင်း ကူးစက်မှုအသစ် ၄၀ဝ၀ သို့‌ရောက်ရှိသွားခဲ့သည်။

 

တစ်နေ့ထက်တစ်နေ့ ကူးစက်မှုနှုန်းမှာ မြှင့်တက်လာပြီး ကူးစက်ခံရသူ ၉၀ဝ၀ဝ သို့ ရောက်ရှိလာပြီ ဖြစ်သည်။

 

ပြီးခဲ့သည့်လကတည်းက အစိုးရက ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရခြင်းကြောင့် တိုင်းပြည်၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး လူများစွာကို အလုပ်လက်မဲ့ဖြစ်စေခဲ့သည်။

 

ကူးစက်ခံရမှုနည်းပါးသော ဒေသများရှိ လက်လီဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းများကို ကြီးမားသော စီးပွားဖြစ် အဆောက်အအုံများနှင့် ဖျော်ဖြေရေး အဆောက်အအုံများမှအပ ထပ်မံဖွင့်လှစ်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။

 

တနင်္လာနေ့မှစတင်၍ ပြည်နယ်များသည် ၎င်းတို့၏ပြည်နယ်များ၏ ကူးစက်မှုအခြေအနေပေါ် မူတည်၍ ကန့်သတ်ချက်များကိုလျှော့ချနိုင်မည်ဖြစ်သည်။

 

ကန့်သတ်ချက်များကို မည်ကဲ့သို့ ဖြေလျော့ပေးမည်ဆိုသည်ကိုလည်း ၎င်းတို့က ဆုံးဖြတ်ပေးမည်ဖြစ်သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်