''ကျွန်တော်တို့ အတ္တတွေကင်းဖို့ လိုသလို အားလုံးငြိမ်းချမ်းရေးကို လိုလားဖို့ လိုပါတယ်''

နေပြည်တော် ၁ ဖေဖော်ဝါရီ 

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ပြီးတော့ ဆောင်ရွက် နေပါတယ်။ လက်ရှိဖြစ်စဉ်တွေမှာ ပြဿနာအချို့ ရှိနေတယ်ဆိုတာ ကြားရတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ရှေ့ကိုရောက် လာတာတွေလည်း ရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်အားစိုက်ပြီး ကျော်လွှားနေတယ်ဆိုတာ မြင်ရတယ်။၊ ကျွန်တော့်ဆန္ဒကတော့ တိုင်းပြည် ငြိမ်းချမ်းစေချင်တယ်။ 

ငြိမ်းချမ်းရေးရမှပဲ တိုးတက်ရာ တိုးတက်ကြောင်း အများကြီး ပိုလုပ်နိုင်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရအောင် သူများကို တိုက်တိုက်တွန်းတွန်းပြောသလို ကိုယ်တိုင်လည်း ထဲထဲဝင်ဝင် ပါနိုင်အောင် ကြိုးစားနေပါတယ်။ ဒီလေ့လာရေးခရီးစဉ်မှာ ပါတဲ့သူတွေဟာ ကျေးရွာအသီးသီးက ပြည်သူတွေကြားထဲ ငြိမ်းချမ်းရေး အသိစိတ်တွေ ရောက်အောင် မျှဝေနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ အဓိက ကျွန်တော်တို့ အတ္တတွေကင်းဖို့လိုသလို အားလုံးငြိမ်းချမ်းရေးကို လိုလားဖို့လိုပါတယ်လို့ နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာနသို့ လာရောက်၍ ငြိမ်းချမ်းရေး အကောင်အထည် ဖော်ဆောင်ရွက်နေမှု ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်မှ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်  ၎င်းရဲ့အမြင်များကို ဖြေကြားခဲ့ပါတယ်။

MDN