ကနဦးသွင်းငွေ ၅ ရာခိုင်နှုန်းသာပေးသွင်းရမသည့် ကားအရောင်းပြပွဲ မန္တလေးမြို့၌  ကျင်းပ

မန္တလေး ၇   ဒီဇင်ဘာ 

ကနဦးသွင်းငွေ ၅ ရာခိုင်နှုန်းသာပေးသွင်းရမည့် ကားအရောင်းပြပွဲကို မန္တလေးမြို့  မြို့တော်ခန်းမတွင် ဒီဇင်ဘာလ ၆ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

ေ

 

အဆိုပါကားပြပွဲတွင် နာမည်ကြီး အမှတ်တံဆိပ်ဖြစ်သည့် KIA    ၊ ISUZU ၊ HUNDAI ၊ NISSAN ၊ SUZUKI  ၊ SONON ၊ KINGLONG စသည့် ကားအမျိုးအစားများကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ 


 ‘အရစ်ကျ စနစ်နဲ့ရောင်းတာလည်းပါတယ်။ ဒီပွဲတော်ရက်မှာ အထူးအစီစဉ်ရှိတဲ့အတွက် အခုရက်မှာ ဝယ်ရင်ပိုကောင်းတယ်’  ဟု WINNER Economic Enterprise Service Company မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးညွန့်အောင် ကပြောသည်။ 

ကားပြပွဲတင် ကားတန်ဖိုး ကျပ်သိန်း ၂၀ဝ မှ ကျပ်သိန်း ၁၀ဝဝ ဝန်းကျင်တန်ဖိုးရှိသည့် ကားများပါဝင်ပြီး ကနဦးသွင်းငွေ အနည်းဆုံး ၅ ရာခိုင်နှုန်းသာပေးသွင်းရသည့် ကားအမျိုးအစားများ လည်းပါဝင်ကြောင်း သိရသည်။ 

 

ေ

 

‘၅ ရာခိုင်နှုန်း Down payment (ကနဦးပေးသွင်းငွေ) အစီစဉ်ဆိုတာက ဝယ်ယူတဲ့ကားတန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းပဲ အရင်ချပေးရမယ်။ Income Tax တော့မပါသေးဘူး ကားတန်ဖိုး ဒေါ်လာ ၄၇၀ဝဝ ဆိုရင် အဲဒါရဲ့ ၅ ရာခိုင်နှုန်းပဲ ချပေးရမှာ’ ဟု KIA မှ Coporate Assistiant Sale Manager မစုမေဖြိုးအေးက ပြောသည်။


KIA ကားအမျိုးအစားများကို ကနဦးသွင်းငွေ ၅ ရာခိုင်နှုန်းဖြင့် ဝယ်ယူမည်ဆိုပါက ဧရာဝတီဘဏ် ၊ ရိုးမဘဏ်တို့ဖြင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းလိုင်စင် ၊ လုပ်ငန်းဝင်ငွေ စာရင်းပြသရမည်ဖြစ်သည်။ 

‘ဘဏ်နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဖြစ်တဲ့အတွက် SURVIES ကြေး တစ်ရာခိုင်နှုန်း ပါမယ်။ အာမခံပါမယ်။ ဒီပရိုမိုးရှင်းကာလမှာ အလုံးစုံအာမခံကို အခမဲ့ တစ်နှစ်ပေးထားတယ်’ဟု မစုမေဖြိုးအေးက ရှင်းပြသည်။ 
 
ဝိုင်