နှစ်နိုင်ငံအကြား ဆက်ဆံရေးများ မပြေပြစ်မှုများကြောင့် ဂျပန်နိုင်ငံ၏ ခရီးသွားအရေအတွက်မှာ သိသိသာသာ ကျဆင်းလာခဲ့ပြီး ဂျပန်နိုင်ငံသို့ ၎င်း၏ လေကြောင်းပျံသန်းမှုများကို ရပ်ဆိုင်းရပ်ဆုံးဖြတ်လိုက်ကြောင်း ယနေ့တွင် တောင်ကိုရီးယားနိုင်ငံ၏ အဓိက လေကြောင်းလိုင်းဖြစ်သည့် Air Lines Co က ပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်ထဲတွင် ဘူဆန်- အိုဆာကာ ခရီးစဉ်အတွက် စက်တင်ဘာ၁၆၊ အင်ချွန်းမှ ကိုမတ်ဆူ၊ အင်ချွန်း-ကာဂိုရှီးမား၊ စက်တင်ဘာ ၂၉ရက် မှ အောက်တိုဘာ ၂၆ရက်၊  နိုဝင်ဘာ ၁၆ရက်နေ့များတွင် အင်ချွန်း- Asahikawa တို့ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ထားသည်။ 

စစ်ပွဲကာလကိစ္စနှင့်ပတ်သက်၍ တောင်ကိုရီးယား ကုမ္ပဏီများကို လျော်ကြေးငွေပေးရန် တရားရုံး၏ဆုံးဖြတ်ချက်က အမိန့်ပေးခဲ့မှုအပေါ် လက်တုံ့ပြန်မှုတစ်ခုအဖြစ် တောင်ကိုရီးယားနိုင်ငံက ရှုမြင်သည့် ဂျပန်နိုင်ငံက တောင်ကိုရီးယားနိုင်ငံသို့ ပို့ကုန်စည်းမျဉ်းများ တင်းကျပ်ပြီးနောက် တောင်ကိုရီးယားနှင့်ဂျပန်ကြား ဆက်ဆံရေးမှာ နှစ်အနည်းငယ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ကိုးကား-ကျိုဒို
ဘာသာပြန်-မေဇော်ထက်