DMH-WRF Model ၏ ၁၆-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၂-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်   လေထုမငြိမ်   မသက်မှုအခြေအနေစတင်    ဖြစ်ပေါ်နိုင်ပြီး၊ ၂၃-၅-၂၀၂၄ ရက်နေ့ခန့်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပါသည်။ အဆိုလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး ကနဦးတွင် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီးနောက် မြောက်-အနောက်မြောက်ဘက်သို့ပြန်ကွေ့ကာ၊          ၂၇-၅-၂၀၂၄ ရက်နေ့ခန့်တွင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းတို့အကြားသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်။

 

အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ၏   ၁၆-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၃-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ မြောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ၂၆-၅-၂၀၂၄ ရက်နေ့ခန့်တွင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းတို့ အကြားသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်။

 

အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ၏ ၁၆-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၃-၅-၂၀၂၄ ရက်နေ့ခန့်တွင် ကပ္ပလီပင်လယ်ပြင်၌ လေဖိအားနည်းဆဲလ်အဖြစ် စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊               ၂၅-၅-၂၀၂၄ ရက်နေ့ခန့်တွင် မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ ရှိရပါသည်။

 

အိန္ဒိယနိုင်ငံ၊ Indian Monsoon Data မော်ဒယ်မှ ၁၆-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၃-၅-၂၀၂၄ ရက် နေ့ခန့်တွင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ ၂၅-၅-၂၀၂၄ ရက်နေ့ခန့်တွင် မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ် ဒေသသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်။

 

ယခုအချိန်တွင် လေဖိအားနည်းရပ်ဝန်း စတင်အစပျိုးခြင်းမရှိသေးပါ၍ သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များအားလုံးသည် တိုင်းထွာသည့် အချိန်၊ အသုံးပြုသည့် Data တို့ အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ တွက်ချက်ရရှိသည့် ခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

Crd> မိုး/ဇလ