ရွှေဘို ၁၈ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှသည် မြန်မာနိုင်ငံတစ်ဝှမ်း COVID -19 ဘေးရန်မှကင်းဝေးစေရန် ရွှေဘိုမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားကိုးဆူ၌ သံဃာတော် အရှင်သူမြတ်တို့မှ ပရိတ်တရားတော်နှင့် ရတနာသုတ်၊ မေတ္တာသုတ်တို့ကို မတ် ၁၉ ရက်မှ စတင်၍ နံနက် ၉ နာရီ၊ မွန်းလွဲ ၁ နာရီ နှင့် ညနေ ၅ နာရီ တစ်နေ့သုံးကြိမ် သုံးရက်တစ်ပြိုင်တည်း ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့၊ မြို့မိမြို့ဖ အဖွဲ့ဝင် ဦးစိုးဝင်းထံမှ သိရသည်။
ရွှေဘိုမြို့ရှိ တန်ခိုးကြီးဘုရားကိုးဆူမှာ မြို့ထောင့်စေတီဘုရား၊ ကုန်းဘောင်ဦးထိပ် ဘုရား၊ ပုခန်းဒုံးဘုရားကြီး၊ အောင်မြေဘုရား၊ ရွှေတန်ဆာဘုရား၊ သီတဂူဘုရား၊ ရာဇအောင်မြေဘေုရား၊ ချမ်းသာကြီးဘုရားနှင့် ရွှေသိမ်တော်ဘုရားတို့ဖြစ်ပြီး ဘုရားတစ်ဆူ၌ သံဃာတော် (၁၈) ပါး၊ ဘုရားကိုးဆူ၌ သံဃာတော် ( ၁၆၂ ) ပါးတို့မှ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဘေးအန္တရာယ်မှ ကင်းဝေးစေရန် ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)


